Background Information:
Samuel Anoints David
16:1 တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။ ”
2 ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ လာပြီဟု ပြောလော့။
3 ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဘိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဘို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊-
4 ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့ သားအသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက် ကြသော်၊
5 ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟု ဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ ခေါ်လေ၏။
6 သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသက်ခံရသော သူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊
7ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ၏။
8တဖန် ယေရှဲသည် အဘိနဒပ်ကို ခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။
9တဖန်ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။
10တဖန်ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကို လည်း ထာဝရဘုရား ရွေးတော်မမူ။
11သင်၌ သားမရှိပြီလောဟု ယေရှဲအား မေးလျှင်၊ ယေရှဲက အငယ်ဆုံးသော သားရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက် နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကို ခေါ်စေခြင်းငှါ လူကို စေလွှတ် ပါ။ သူမရောက်မှီ ပွဲသို့ ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊
12စေလွှတ်၍ သူ့ကို ခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သော မျက်နှာ လည်းရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။
13ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ထ၍ ရာမ မြို့သို့ ပြန်သွား၏။
ဓမ္မရာဇဝင်ပဋ္ဌမစောင် 16:1-13
ဒီယူနစ်အတွက်အခြား module တွေ: - Other modules in this unit:
- ကမၻာဦး – The beginning – The beginning God created the earth – Undated Past, ကမ္ဘာဦးကျမ်း 1:1-2
- The 7 or Seven Days of Creation – Undated Past, ကမ္ဘာဦးကျမ်း 1:1-3:24
- အာဒံ, ကမ္ဘာဦးကျမ်း 1:26-2:25 – Adam was the first created man specifically named in Scripture, ကမ္ဘာဦးကျမ်း 1:26-2:25
- Eve the first woman specifically named in Scripture, ကမ္ဘာဦးကျမ်း 2:18-25
- Abel a righteous man, ကမ္ဘာဦးကျမ်း 4:1-16
- 1100 Years gap Between Adam and Noah, ကမ္ဘာဦးကျမ်း 5:1-32
- Noah built an ark, ကမ္ဘာဦးကျမ်း 6:8-22
- Noah builds an Ark for God, ကမ္ဘာဦးကျမ်း 6:9-9:28
- 400 year gap between Noah and Abraham, ကမ္ဘာဦးကျမ်း 11:10-32
- Abraham the father of nations, ကမ္ဘာဦးကျမ်း 12:1-25:11
- Sarah was the wife of Abraham, ကမ္ဘာဦးကျမ်း 11:29-23:20
- Isaac Abraham's son, ကမ္ဘာဦးကျမ်း 25:20-34
- Esau was Isaac's favorite son, ကမ္ဘာဦးကျမ်း 25:19-34
- Jacob the favorite son of Isaac, ကမ္ဘာဦးကျမ်း 27:1-29
- Rachel, ကမ္ဘာဦးကျမ်း 29:15-30
- Death of Joseph, ကမ္ဘာဦးကျမ်း 50:22-26
- 300 year gap between Joseph and Moses, ကမ္ဘာဦးကျမ်း 50:22-Exodus 1:22
- Miriam the older sister of Moses, ထွက်မြောက်ရာကျမ်း။ 2:1-10
- God spoke to Moses out of a burning bush, ထွက်မြောက်ရာကျမ်း။ 3:1-4:17
- Moses was asked to take off his sandals by God, ထွက်မြောက်ရာကျမ်း။ 3:5-10
- Moses the friend of God, ထွက်မြောက်ရာကျမ်း။, Numbers, Deuteronomy
- Manna means 'What Is It'?, ထွက်မြောက်ရာကျမ်း။ 16:1-36
- Moses at Mount Sinai, ထွက်မြောက်ရာကျမ်း။ 19:1-25
- The Golden Calf the idol made by Aaron, ထွက်မြောက်ရာကျမ်း။ 32:1-35
- Say to the Rock 'Give Water', တောလည်ရာကျမ်း 20:1-13
- Joshua God's warrior, ယောရှုမှတ်စာ။ 5:13-6:21
- The two spies were Joshua's eyes, ယောရှုမှတ်စာ။ 2:1-24 and 6:22-25
- Rahab helped Israel to take Jericho, ယောရှုမှတ်စာ။ 2:1-24
- Rahab saved from death, ယောရှုမှတ်စာ။ 6:22-25
- Gideon the fifth Judge of Israel, Judges 6:1 – 8:35
- Ruth, the great grand mother of King David, Ruth 1:16-2:23
- Jephthah the Gileadite the tenth Judge of Israel, Judges 11:16-40 & 12:1-7
- Samson the 14th Judge of Israel, Judges 13:1-16:31
- Samuel the fifteen Judge of Israel anoints two kings Saul and David, 1 Samuel 16:1-13 and 2 Samuel
- King Saul Spear, 1 Samuel 18:5-15
- David uses his slingshot, 1 Samuel 17:40-58
- ရှောလမုန်မင်းကြီးရဲ့ပလ္လင်တည်ထောင်သည် – King Solomon's Throne Established, 1 Kings 2:13-46
- King Rehoboam, 1st Kings 11:41-12:24
- Jonah a prophet of God
- Isaiah the prophet (739BC-690BC) wrote the book Isaiah, 2 Kings 18:1-20-21
- Jeremiah is put down a well, Jeremiah 38:1-28
- Daniel in the Lions Den, Daniel 6:1—28
- Esther becomes the Queen of Persia
- Nehemiah rebuilds the walls, Nehemiah 2:1-3:2l
- Malachi the last Old Testament writer
- The time gap between Malachi the last book of the Old Testament and Matthew the first of the gospels.
- Angel Gabriel God's messenger about the birth of Jesus- Luke 1:26-38
- The cross a Roman method of killing people, Luke 22:1-24:12
- The author and giver of all faith – Jesus